မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)၏ ဘ၀ဖြစ်စဉ်အကျဉ်း

- အရှင်ဝိစိတ္တသည် ၁၃၃၆ခု၊ ပြာသိုလ်လဆန်း (၄)ရက်၊ (၁၅-၁-၁၉၇၅) ဗုဒ္ဓဟူးနေ့ တွင်၊ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အုပ်ဝင်းကျေးရွာ၊ ခမည်းတော် ဦးတင်မောင်၊ မယ်တော် ဒေါ်ခင်ထွေးတို့မှ မွေးဖွားသည့် တတိယမြောက် သားရတနာ ဖြစ်သည်။

- ၁၃၄၈ခု၊ တန်ခူးလဆန်း (၃)ရက် (၁၉၈၂)၊ စနေနေ့တွင် ဘဒ္ဒန္တသီလာစာရကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုကာ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီး ၁၃၅၆ခု၊ တန်ဆောင်မုန်းလဆန်း (၃)ရက် (၅-၁၁-၁၉၉၄)၊ စနေနေ့တွင် ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသကို ဥပစ္ဇျာယ်ပြ၍ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။

- သာသနာ့ဘောင်သို့ ၀င်ရောက်ပြီးနောက်၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက် သီရိဇေယျုံကျောင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်း ဓမ္မာလင်္ကာရ ပရိယတ္တိစာသင်တိုက်၊ ခရမ်းမြို့၊ ပါဠိတက္ကသိုလ်ကိုင်းကုန်းကျောင်းတိုက်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်တို့တွင် ပရိယတ္တိစာပေများကို ဓမ္မာစရိယတန်းအထိ အဆင့်ဆင့် လေ့လာသင်ယူခဲ့သည်။


- ၁၃၅၆ (၁၉၉၄)ခုနှစ်တွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်သို့ တက်ရောက်ပြီး ဓမ္မာစရိယကျမ်းစာများနှင့် လောကီပညာရပ်များကို လေ့လာသင်ယူကာ ၁၉၉၈ခုနှစ်တွင် သာသနတက္ကသီလ ဓမ္မာစရိယ B.A (Buddhism)ဘွဲ့ကို ရရှိသည်။


- ၂၀၀၁ခုနှစ်မှ စတင်ကာ သာသနတက္ကသီလ မဟာဓမ္မစရိယ M.A (Buddhism)ဘွဲ့အတွက် ဘွဲ့ယူ ကျမ်းစာရေးသား ပြုစုရင်း တစ်ဘက်မှလည်း ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာဌာနတွင် အင်္ဂလိပ်စာ နည်းပြတာဝန်၊ ရခိုင်ပြည်နယ်ကျောင်းဆောင်၏ အဆောင်မှူးတာဝန်နှင့် ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၏ အင်္ဂလိပ်စာ ဆရာတာဝန်များကို ထမ်းဆောင်ခဲ့သည်။


- ပဋိပတ်အလုပ်အနေဖြင့် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် ၁၉၉၈ခုနှစ်တွင် တစ်ကြိမ် (၁၀ရက်တရားစခန်း)၊ ၁၉၉၉ခုနှစ်တွင် တစ်ကြိမ် (၁၀ရက်တရားစခန်း)၊ ၂၀၀၁ခုနှစ်တွင် တစ်ကြိမ် (၄၅ရက်တရားစခန်း)များ ၀င်ရောက်ကာ ၀ိပဿနာတရား အားထုတ်ခဲ့သည်။


- ၂၀၀၄ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံ၊ Geumgang Universityတွင် အစိုးရပညာသင်ဆုဖြင့် ကျောင်းတက်ကာ ကိုရီးယားဘာသာစကားနှင့် ကိုရီးယားဗုဒ္ဓဘာသာကို (၅)နှစ်တိုင်တိုင် လေ့လာသင်ယူခဲ့သည်။

- ၂၀၀၉ခုနှစ်၊ ဇန္နဝါရီလ ၂၆ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၌ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းကို ဦးဆောင်တည်ထောင်တော်မူကာ ပဓာနနာယက ဆရာတော်အဖြစ် တာဝန်ယူလျက် မြန်မာ+ကိုရီးယား သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်တော်မူသည်။

- ၂၀၁၀ခုနှစ်တွင် “မချစ်မမုန်း အကောင်းဆုံး”ဟူသော အမည်ဖြင့် ပထမဆုံး ဆောင်းပါးပေါင်းချုပ်စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ (အခြားစာအုပ်များလည်း ဆက်လက်ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။)


- ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်းနှင့် ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတို့၏ ပဓာနနာယက ဆရာတော်အဖြစ် တာဝန်ယူကာ တရားဟော တရားပြ၊ စာရေးစာချ စသည့် သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ရင်း မနာပဒါယီ ကလောင်အမည်ဖြင့် http://www.venvicitta.com http://www.facebook.com/ashinvicitta http://cafe.naver.com/cittasukha ဟူသော အင်တာနက် စာမျက်နှာတို့မှလည်း ဓမ္မစာပေများ ရေးသားကာ ကမ္ဘာအရပ်ရပ်ရှိ မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အွန်လိုင်းသာသနာပြု လုပ်ငန်းများကို လုပ်ဆောင်ပေးလျက် ရှိသည့်အပြင် မျိုးဆက်သစ် လူငယ်လူရွယ်များအား ဓမ္မအမွေနှင့် ပညာအမွေများ ပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့တွင် ပညာဒါန ကျောင်းဖွင့်လှစ်ပေးရန် အကောင်အထည်ဖော်လျက်ရှိသည်။

7 မှတ်ချက်များ (...ရေးရန်):

  • chitthulinn says:
    Tuesday, September 21, 2010

    ဆရာတော်ဘုရားရဲ့ အဆုံးမတွေကို ကူးယူသွားပါတယ်
    ဖတ်ရှုမှတ်သားလိုက်နာပါ့မယ်။ဆရာတော်အင်္ဂလိပ်စာနဲ့ 
    ပတ်သက်ပြီးတော့အခြေခံကျကျတတ်ချင်ပါတယ်။အင်္ဂလိပ်
    စာကတပည့်တော်တို့ မြန်မာတွေအလွန်လိုအိပ်ပါတယ်။
    နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဘို့ မှာ အင်္ဂလိပ်စာကောင်းပြီးစာဖတ်ဖို့ အများကြီးလိုပါတယ်။
    တပည့်တော်အင်္ဂလိပ်စာနဲ့ ဘာသာရေးကိုယှဉ်ပြီးတော့
    လေ့လာနေပါတယ်။အင်္ဂလိပ်စာပို့ စ်လေးလဲရေးပေးစေ
    ချင်ပါတယ်ဘုရား။ကျန်းမာချမ်းသာစွာနဲ့ သာသနာ့တာဝန်ထန်းဆောင်နိုင်ပါစေဘုရား

  • Anonymous says:
    Monday, April 18, 2011

    You are so young Ashin, whatever I am very proud of you.

  • Buddha In My Life says:
    Monday, August 29, 2011

    ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား.. အရှင်ဘုရားရဲ့ တန်ဖိုးကြီးလှတဲ့ စာတွေကို အင်တာနက်မှာ ကူးယူဖော်ပြခွင့်ပြုပါ အရှင်ဘုရား..အရှင်ဘုရားရဲ့ဆုံးမစာတွေမှန်းသိအောင် credit ပေးထားပါ့မယ် အရှင်ဘုရား..

  • Khin Maw Win says:
    Saturday, November 30, 2013

    ခွင့်ပြုချက်နှင့်ခွင့်လွတ်နားလည်ပေးရန်တင်ဘို့ခက်ခဲသည့် မြန်မာနိုင်ငံကွန်နရှင်ကြောင့်အခေါက်ခေါက်ရေးနေရပါ သည်ဘုရား လေးစားစွာဖြင့်အရှင်ဘုရား၏ကိုယ်ရေးအကျဉ် ကိုမျဝေပူဇော်မိပါကြောင်းလျောက်ထားအပ်ပါသည်

  • Khin Maw Win says:
    Saturday, November 30, 2013

    ဆ၇ာတော်၏ထေရုပ္ပတ္တိ အကျဉ်းကိုဖေ့ ဘွတ်မှာမျှဝေခဲ့ပါသည်။ ဓါတ်ပုံနှင့်တစ်ကွခွင့်ပြုချက်အရင်တောင်းပြီးမှတင်ရမှာဖြစ် ပေမဲ့ အရှင်ဘုရား၏သာသနာပြုလုပ်ငန်းအချိန်မအားလပ်သည်ကို ငဲ့သည်ကတကြောင်း တပည့်တော်တို့ကွန်နရှင်ကိုငဲ့သည်ကတကြောင်းဖြင့် ခွင့်လွတ်နားလည်ခွင့်ပြုပေးပါရန်အနုးအညွတ်ရိုသေစွာရှိခိုးဦးတင်လျောက်ထားအပ်ပါသည်ဘုရား ဒီစာရေးတာကိုဘဲ ဒါနဲု့ဆို ၄ခေါက်လောက်၇ှိပါပြီ စိတ်ရှည်သည်းခံမု့ ကိုရပါသည်ကုသိုလ်ဇောဖြစ်မည် ထင်ပါသည်

  • Khin Maw Win says:
    Saturday, November 30, 2013

    ကျေးဇူးတင်ပါသည်ဘုရား ကိုယ်ရေးအကျဉ်းကိုရှယ်သွားပါသည်

  • Khin Maw Win says:
    Saturday, November 30, 2013

    ဆရာတော်ကျန်းမာချမ်းသာစွာဖြင့်ဘာသာ သာသနာအကျိုးဆောင်ရွက်ယင်းပညာဒါန အလှူ အောင်မြင်ပါစေ သာဓု သာဓု သာဓု ဆရာတော်၏ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံကို ခွင့်ပြုချက်မတောင်းခင်ရှယ်မိသည်ကို ခွင်ုပြုပါ၇န်ခွင့်လွတ်နားလ်ာပေးပါရန်ရိုသေစွာလျောက်ထားပန်ကြားအပ်ပါသည်


Recent Posts Widget | My blogger topic

RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

Recent Comments Widget

အမှတ်တရ ပုံရိပ်များ