သတိ...

Blog error ဖြစ်သွားတင် ထင်ပါတယ်။ ပို့စ် အကျဉ်းအကျယ် ဖွင့်မရပါက ခေါင်းစဉ်ကို ကလစ်လုပ်ဖတ်ပါ။ ကျးဇူးတင်ပါတယ်...

Wednesday, January 27, 2010

သရဏဂုံနဲ့ တမလွန် အကောင်းအဆိုး…. ပြီးတော့ ဘာသာခြားနဲ့ ၀ိပဿနာ…

Q. ဘုန်းဘုန်း နေကောင်း ကျန်းမာပါလား ဘုရား..
တပည့်တော်ကို ဦးဇင်းတစ်ပါးက သိချင်တဲ့ အကြောင်းလေးတွေ မေးခိုင်းလို့ပါဘုရား..
၁။ ဗုဒ္ဓဘာသာ တစ်ယောက်က အခြေအနေ တစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင် တစ်ဦးအဖြစ် လက်ခံလိုက်ရတယ်၊ အဲဒီလူရဲ့ စိတ်က အဲဒီဘာသာကို မကြည်ညိုပေမယ့် အဲဒီဘာသာရဲ့ ထုံးတမ်းစဉ်လာကို တစ်သက်လုံး လုပ်ခဲ့ရတယ် (ဘယ်လို အလုပ်မျိုးလဲတော့ မမေးလိုက်မိဘူး ဘုရား) ဆိုရင် အဲလိုလူ တစ်ဦးမှာ အပြစ်ဖြစ်နိုင်သလား ဘုရား၊ သရဏဂုံကော ပျက်သွားမလား ဘုန်းဘုန်း၊ တကယ်လို့ သရဏဂုံ ပျက်သွားခဲ့ရင်တောင် အဲဒီလို ပျက်တဲ့အတွက် တမလွန်မှာ အပြစ်ဖြစ်နိုင် (မကောင်းကျိုး ပေးနိုင်) ပါသလား ဘုရား…။


၂။ နောက်မေးခွန်းတစ်ခုက ဒီလိုပါ ဘုရား..။ ဘာသာခြား တစ်ဦးအနေနဲ့ ၀ိပဿနာကို အားထုတ်ချင်နေတယ်၊ ၀ိပဿနာကို စိတ်လည်း ၀င်စားတယ်၊ ၀ိပဿနာဟာ ဘယ်လိုသဘောလဲ သူ သိချင်နေတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာကိုတော့ မကိုးကွယ်ချင်ဘူး..၊ ၀ိပဿနာကိုသာ လိုက်စားချင်တာ..။ အဲလိုလူမျိုးအတွက် ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ်လို့ တရား ရနိုင်ပါသလား ဘုရား၊ ရတနာ သုံးပါးကို မကိုးကွယ်လို့မို့ အနှောင့်အယှက် ဖြစ်နိုင်ပါသလား ဘုန်းဘုန်း..။ တရားအားထုတ်တဲ့ နေရာမှာ များသောအားဖြင့် သရဏဂုံ မတည်ဘဲနဲ့ တရား မရနိုင်ဘူးဆိုတာ ကြားဖူးလို့ပါ… ဆိုပြီး တပည့်တော်ကို မေးလျောက်ခိုင်းပါတယ် ဘုရား..။
ဘုန်းဘုန်း အားတဲ့ အချိန် မေတ္တာရှေ့ထား ဖြေကြားပေးပါဦး ဘုန်းဘုန်း…
ရိုသေစွာ ရှိခိုးလျက်
ဖိုးသား

A. ဒကာဖိုးသားရေ…တစ်ဆင့်မေးတာဆိုတော့ ဖြေပေးတာကို တစ်ဆင့်ပြောပေးလိုက်ပါဦး..
၁။ အခြေအနေအရ လုပ်နေရတဲ့အတွက် အပြစ်ဖြစ်မဖြစ်ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ဗုဒ္ဓဘာသာသဘောအရ စိတ်ကအဓိက ဆိုပေမယ့် ကံသုံးမျိုးမှာ ကာယကံ၊ ၀စီကံတွေနဲ့ ကျူးလွန်မှုမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ အခြားဘာသာရဲ့ ဓလေ့ထုံးစံများအတိုင်း လိုက်လုပ်နေမှုများမှာ လိုက်လုပ်သူရဲ့ လုပ်ဆောင်ချက်၊ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများဟာ ရတနာသုံးပါးကို စော်ကားလိုတဲ့ အမှုများ၊ စိတ်စေတနာများ၊ အကုသိုလ်အပြစ် ဖြစ်စရာ လုပ်ဆောင်ချက်များ မပါရင် အပြစ်မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်က စိတ်စေတနာပါရင်တော့ အပြစ်ဖြစ်နိုင်ပါတယ်။ ဒီလိုလိုက်လုပ်နေရတဲ့အတွက် သရဏဂုံပျက်၊ မပျက်ဆိုတဲ့နေရာမှာ သရဏဂုံပျက်ခြင်း အကြောင်းနှစ်မျိုးရှိပါတယ်။ သေဆုံးသွားတဲ့အခါ၊ ရတနာသုံးပါးထက် အခြားအရာများကို ပိုပြီးယုံကြည်အားကိုး ကိုးကွယ်ဆည်းကပ်တဲ့ အခါတွေဟာ သရဏဂုံပျက်ပါတယ်။ အသက်ရှင်ဆဲ အခိုက်မှာ ရတနာသုံးပါးကို နှလုံးသားထဲမှ အထူးယုံကြည် ကိုးကွယ်နေပေမယ့် အခြားအရာတွေအပေါ်မှာလည်း အခြေအနေအရ ပူဇော်ပသရတာတွေ ရှိပါတယ်။ ရတနာသုံးပါးထက်တော့ ယုံကြည်ကိုးကွယ်မှု မပိုဘူးဆိုရင် သရဏဂုံ မပျက်ပါဘူး။ အကယ်၍ ရတနာသုံးပါးကို စွန့်ပြီး တစ်ခြားအရာတွေကို ဘုရား၊ တရား၊ သံဃာထက် ပိုပြီးယုံကြည် အားကိုးသွားတဲ့အခါ သရဏဂုံပျက်ပါတယ်။ သရဏဂုံ ပျက်ပေမယ့် ဘုရား၊ တရား၊ သံဃာကို မစော်ကားဘူး၊ ရတနာသုံးပါးကို မကိုးကွယ်ပေမယ့် အကုသိုလ်ဖြစ်စေမယ့် အလုပ်တွေ မလုပ်ဘူးဆိုရင် အပါယ်မလားနိုင်ပါဘူး။ အလားတူ ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် မကောင်းတာတွေ မလုပ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့ နေသွားတဲ့ သူတွေဟာ သေပြီးနောက်မှာ သုဂတိဘ၀ကို လားနိုင်ပါတယ်။ ဒါကြောင့် သရဏဂုံပျက်ပေမယ့် ရတနာသုံးပါးကို မစော်ကားဘူး၊ အကုသိုလ်အပြစ်တွေ မလုပ်ဘူးဆိုရင် တမလွန်မှာ ကောင်းတဲ့သုဂတိကို ရောက်နိုင်ပါတယ်။

၂။ ၀ိပဿနာ တရားဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီးသန့် ဟောကြားထားတဲ့ တရားမဟုတ်ပါဘူး။ ဘယ်သူမဆို အားထုတ်လို့ရတဲ့ တရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး၊ ရတနာသုံးပါးကို မယုံကြည်ဘူး၊ သရဏဂုံမတည်ဘူးဆိုလည်း ၀ိပဿနာ အလုပ်ကို ကောင်းစွာအားထုတ်လို့ ရပါတယ်။ ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို မယုံကြည်မှု သရဏဂုံကို မလုံခြံမှုကြောင့် အကျိုးပေးမှုတော့ ကွာခြားပါတယ်။ သရဏဂုံနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှု သဒ္ဓါတရား မရှိရင်တော့ အရိယာမဂ်ကို ရဖို့မလွယ်လှပါဘူး။ သရဏဂုံမတည်ဘဲ ၀ိပဿနာ တရားအားထုတ်ရင်း အောက်အောက်ဉာဏ်တွေကို ရနိုင်ပေမယ့် သောတာပတ္တိမဂ်ဉာဏ်စတဲ့ အရိယာမဂ်ဉာဏ်တွေတော့ ရဖို့မလွယ်လှပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တရားအားထုတ်ရင်းနဲ့ပဲ ၀ိပဿနာ ဉာဏ်အဆင့်ဆင့်အရ အားထုတ်သူကိုယ်တိုင် ရတနာသုံးပါးကို ယုံကြည်မှု သဒ္ဓါတရားတွေ တိုးပွားလာပြီး သရဏဂုံတည်လာတဲ့ အခါမှာတော့ အထက်မဂ်တရားတွေ ရနိုင်ပါတယ်။ ဉာဏ်စဉ်အဆင့်တွေ မြင့်လာတာနဲ့ အမျှစိတ်အစဉ်လည်း ပြောင်းလာပြီး သဒ္ဓါတရားတွေလည်း ခိုင်လာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ရတနာသုံးပါးကို မကြည်ညိုပါနဲ့ ပြောလည်း သူ့အလိုလို စိတ်ကကြည်ညိုလာ တတ်ပါတယ်။ အဲဒီလို တရားအားမထုတ်မီမှာ ဘာသာခြားတွေ ဖြစ်ပေမယ့် တရားအားထုတ်ရင်း ဗုဒ္ဓဘာသာအဖြစ် သရဂုံမြဲလာသူတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ဆရာကြီး ဦးဂိုအင်ဂါ ပြနေတဲ့ တရားစခန်းမှာဆို ပိုပြီးတွေ့ရတတ်ပါတယ်။ ဆရာကြီးဟာ ဘာသာပေါင်းစုံက ဘယ်သူမဆိုလာပြီး တရားအားထုတ်နိုင်အောင် တရားသက်သက်ပြပေးတယ်၊ သရဏဂုံနဲ့ ငါးပါးသီလကို မခံယူပဲ လွတ်လွတ်လပ်လပ် အားထုတ်နိုင်တယ်ဆိုပြီး လူတိုင်းကို အားထုတ်စေတယ်၊ အားထုတ်ရင်းနဲ့ တရားအနှစ်သာရကို တွေ့ပြီးသူ့အလိုလို သရဏဂုံနဲ့ ငါးပါးသီလ လုံခြုံသွားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဘယ်သူမဆို ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀ိပဿနာတရားကို အားထုတ်လို့ရပြီး တရားရမှု၊ မရမှုကတော့ အားထုတ်ရင်း စိတ်အစဉ် ပြောင်းလဲလာမှုနဲ့ သဒ္ဓါတရား အားကောင်းလာမှု၊ သရဏဂုံနဲ့ ကံငါးပါး လုံခြုံလာမှု အပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။ သေချာတာကတော့ သရဏဂုံ မတည်ပေမယ့် ၀ိပဿနာ အလုပ်လုပ်နေရင် အရိယာမဂ်ကို မရနိုင်တာတောင် ဒီဘ၀ချမ်းသာမှုနဲ့ သုဂတိဘ၀ ရောက်စေမှုကတော့ အကျိုးဖြစ်စေပါတယ်။ တရားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းလာကာ သရဏဂုံပါ ခိုင်မြဲလာ၊ တည်လာတယ်ဆိုရင်တော့ ဒီဘ၀မှာပဲ တရားရနိုင်ပါတယ်။

0 မှတ်ချက်များ (...ရေးရန်):

ရေးပြီးသမျှ ဓမ္မရသနှင့် အတွေးရသများ...

အကောင်းဆုံးအချိန်… (သို့) ယခုပင်လျှင်… စိတ်အားဖြည့် စကားစုလေးများ (၄)… စရိုက်နှင့် ကမ္မဋ္ဌာန်း… အကြွေးဆပ်ရင်း အကြွေးထပ်နေကြသူများ… ရုပ်ကိုလည်းပြင် စိတ်လည်းပြင်… အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၂)… အစွယ်ထောင်လျှင် အပါယ်ဘောင်သို့… အရှင်ရာဟုလာနှင့် ဆပဉ္စက… ခလုပ်ထိမှ အမိတကြမယ်ဆိုရင်… အနိုင်အရှုံး… အခြေခံ ၀ိပဿနာ တရား အားထုတ်နည်း (နောက်ဆက်တွဲ - ၁)… မရှိတောင့်တ ရှိကြောင့်ကြ… စိတ်အားဖြည့် စကားစုလေးများ (၃)… မီးသွေးလိုလူ… အာရုံနောက်ကို စိတ်မလိုက်စေနဲ့… နိုင်ငံခြား သာသနာပြု ဆိုရာဝယ်… မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၂)… မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၁)… လူ့စိတ်၊ လူ့သဘော… သူကြီးဘုရား ရွာသားကောင်းမှု (သို့) ဘုရားဒကာ သူကြီးနဲ့ ရွာ… အခြေခံ ၀ိပဿနာတရား အားထုတ်နည်း… သေဖို့ တစ်နှစ်နီးခဲ့လေပြီ… ရုန်းမထွက်နိုင်သေးသမျှ… ပျက်စီးချိန် တန်သော်… တရားအားထုတ်ကြည့်ကြစို့… လု…လူ…လူး… အစ မလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်… မာနလေးတွေ လျှော့စေချင်… မိဘကျေးဇူးဆပ်လိုသော်… ရဟန်းဘ၀နဲ့ အနေသနအမှု… တကယ့် ဒုက္ခငြိမ်းရာဟူသည်… ဒါကြောင့် ဒီလိုပါ... ပြီးတော့ ဒီလိုဖြစ်စေ ချင်တာပါ… ငြင်းခုံမှုများရပ်ကြစို့… ကိုယ်ကျင့်သီလ… မဖြစ်ပါရ စေနဲ့တော့… သေဖို့ပြင်ဆင်ကြရာတွင်… သဗ္ဗေသတ္တာ ကမ္မဿကာ… မှန်ကြည့်လိုက်ပါ… စိတ်အားဖြည့် စကားစုလေးများ (၂)… ဆန်းစစ်ကြည့်ခြင်း... သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်… ရတာမလို လိုတာမရ ဤလောက… သိအောင်လုပ်ပါ… ဗြဟ္မစိုရ် တရားနှင့် လူမှုဆက်ဆံရေး… ၀ါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း… မချစ် မမုန်း အကောင်းဆုံး… မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း… စိတ်အားဖြည့် စကားစုလေးများ… (၁) အပေါင်းအသင်း… သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့… တရားအားထုတ်ကြည့်ကြစို့… အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ… ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပါ… သူ့ကိုသတ်မှ တကယ်ပြတ်မှာ… အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်း တရားများ.. ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ… သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်စပ်မှု… အမှားသံသရာ… နှလုံးသားမှာ ကမ္ဗည်းထိုးပါ… ဂုဏ၀န္တေ ပဿန္တိ ဇနာ… ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်… အနှစ်ရှိသော ကြီးရင့်ခြင်း… တံခါးများလုံပါစေ… အတွင်းရန်သူ… စကား… ကြိုတင်၍ မသိနိုင်ပါသဖြင့်… ဒီလို ဆက်ဆံကြည့်ပါ… အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့… တောင့်တ၍ မရပါ… ဆွဲစားခံနေရသူများ… လုပ်ချလိုက်ပြန်ပါပြီ… မြန်မာဆိုတာ… သေမှာမကြောက်ကြသူများ ... ကြောက်လန့်ဖွယ်ရာ ချက်ရောဂါ… စိတ်ဖြေကြတာလား… မေ့နေကြတာလား… ရောမ ရောက်တိုင်း ရောမလိုကျင့်သင့်ပါသလော… အရဟံ ဂုဏ်တော်အား ကြည်ညို ကြည့်ခြင်း… နီးပါလျက်နဲ့ မဝေးစေလို… စေတနာသုံးတန် ပြည့်စုံဖို့ ဆိုရာဝယ်… ကိုးကွယ်ခြင်းနှင့် ပူဇော်ပသခြင်း... လောကဓံဟူသည်... ကံသုံးပါးလုံသည်ဆိုရာဝယ်... သံသရာ မရှည်ပါစေနှင့်... ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့.. သေခြင်းတရားသည် အသက်အရွယ်မရွေးပါ… ကိုယ့်ကိုယ်ကို ရှာပါတဲ့… မွေးခြင်းနဲ့ သေခြင်းဒဿန... ငါပါးသီလနှင့် စပ်၍ မှတ်သားဖွယ်... သြကာသရှင်းတမ်း... မလှူကောင်းသော အလှူငါးမျိုး..

Live Questions and Answers...

 
3 Columns Blogger Template by Amanda at BloggerBuster