သတိ...

Blog error ဖြစ်သွားတင် ထင်ပါတယ်။ ပို့စ် အကျဉ်းအကျယ် ဖွင့်မရပါက ခေါင်းစဉ်ကို ကလစ်လုပ်ဖတ်ပါ။ ကျးဇူးတင်ပါတယ်...

Saturday, February 6, 2010

ဟောင်းနွမ်းနေတဲ့ ဘုရားပုံများ၊ ပန်းချီကားချပ်များနဲ့ တရားစာအုပ်များကို ဘယ်လိုလုပ်သင့်ပါသလဲ…

Q. အရှင်ဘုရား…
တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ ချိတ်ထား၊ ပူဇော်ထားတဲ့ ဘုရားပုံတော်များ၊ ဘုရားပုံပါတဲ့ ပန်းချီကားများနဲ့ ဟောင်းနွမ်းဆုတ်ပြဲနေတဲ့ တရားစာအုပ်များ ရှိပါတယ်။ အဲဒီ ဘုရားပုံတွေနဲ့ ပန်းချီကားတွေဟာ ချိတ်ဆွဲထားလို့လဲ အမြင်မကောင်းဖြစ်နေတဲ့ အပြင်၊ ဘုရားစာအုပ် အဟောင်းတွေကလည်း ကြာလာတော့ ပိုးတွေထိုးပြီး ပျက်ဆီးလာပါတယ်။ ဒါတွေကို အမှိုက်ပုံမှာ သွားစွန့်ရင် ဘုရားပုံတွေ၊ ပန်းချီကားတွေ ဖြစ်လို့ အပြစ်ဖြစ်မှာ ကြောက်ပါတယ်၊ စာတစ်လုံး ဘုရားတစ်ဆူဆိုတဲ့ အတွက် တရားစာအုပ်ကို လွင့်ပစ်ရောင်းစားပစ်ရင်လည်း မကောင်းဘူးလို့ထင်ပါတယ်။ တပည့်တော်ကို ဒီပုံတော်တွေနဲ့ စာအုပ်တွေကို အပြစ်မဖြစ်အောင် ဖြေရှင်းနည်းလေး ချီးမြှင့်ပေးတော်မူပါဘုရား..။ ကျေးဇူးကြီးလှပါတယ်။
ဒေါ်ယဉ်ယဉ်ထွေး


A. ဒကာမရေ… ဒီလိုအခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါ ဖြစ်တတ်ပါတယ်။ ဘုရားပုံတွေဖြစ်လို့ ဖြစ်သလို လွင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ်။ စေတနာ ရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ သန့်သန့်ပြန့်ပြန့် နေရာတစ်ခု၊ ဒါမှမဟုတ် သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်းနဲ့ပဲ ဖြေရှင်းဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးပြီး မီးပူဇော်လိုက်တဲ့အတွက် ဒီဘုရားပုံတော်များ၊ ဘုရားစာအုပ်အဟောင်းများကို တစ်ခြားသူတွေ အနေနဲ့လည်း အသုံးမပြုဖြစ်တော့ပါဘူး။ ရှင်းလင်းဖြေရှင်းလိုက်တဲ့ ကိုယ့်မှာလည်း မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာ ဖြစ်နေတဲ့အတွက် စိတ်သန့်ရှင်းသွားပါတယ်။ ဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို တေဇောဓာတ် လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် လွင့်ပစ်ရခက်၊ ထားရခက်တဲ့ ဘုရားပုံတော်များ၊ ပန်းချီများနဲ့ တရားစာအုပ် အဟောင်းများကို တွေ့ရာမှာ ဖြစ်သလို စွန့်ပစ်တာမျိုး မလုပ်ပဲ သန့်ရှင်းသပ်ရပ်တဲ့ နေရာတစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

0 မှတ်ချက်များ (...ရေးရန်):

ရေးပြီးသမျှ ဓမ္မရသနှင့် အတွေးရသများ...

အကောင်းဆုံးအချိန်… (သို့) ယခုပင်လျှင်… စိတ်အားဖြည့် စကားစုလေးများ (၄)… စရိုက်နှင့် ကမ္မဋ္ဌာန်း… အကြွေးဆပ်ရင်း အကြွေးထပ်နေကြသူများ… ရုပ်ကိုလည်းပြင် စိတ်လည်းပြင်… အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၂)… အစွယ်ထောင်လျှင် အပါယ်ဘောင်သို့… အရှင်ရာဟုလာနှင့် ဆပဉ္စက… ခလုပ်ထိမှ အမိတကြမယ်ဆိုရင်… အနိုင်အရှုံး… အခြေခံ ၀ိပဿနာ တရား အားထုတ်နည်း (နောက်ဆက်တွဲ - ၁)… မရှိတောင့်တ ရှိကြောင့်ကြ… စိတ်အားဖြည့် စကားစုလေးများ (၃)… မီးသွေးလိုလူ… အာရုံနောက်ကို စိတ်မလိုက်စေနဲ့… နိုင်ငံခြား သာသနာပြု ဆိုရာဝယ်… မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၂)… မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၁)… လူ့စိတ်၊ လူ့သဘော… သူကြီးဘုရား ရွာသားကောင်းမှု (သို့) ဘုရားဒကာ သူကြီးနဲ့ ရွာ… အခြေခံ ၀ိပဿနာတရား အားထုတ်နည်း… သေဖို့ တစ်နှစ်နီးခဲ့လေပြီ… ရုန်းမထွက်နိုင်သေးသမျှ… ပျက်စီးချိန် တန်သော်… တရားအားထုတ်ကြည့်ကြစို့… လု…လူ…လူး… အစ မလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်… မာနလေးတွေ လျှော့စေချင်… မိဘကျေးဇူးဆပ်လိုသော်… ရဟန်းဘ၀နဲ့ အနေသနအမှု… တကယ့် ဒုက္ခငြိမ်းရာဟူသည်… ဒါကြောင့် ဒီလိုပါ... ပြီးတော့ ဒီလိုဖြစ်စေ ချင်တာပါ… ငြင်းခုံမှုများရပ်ကြစို့… ကိုယ်ကျင့်သီလ… မဖြစ်ပါရ စေနဲ့တော့… သေဖို့ပြင်ဆင်ကြရာတွင်… သဗ္ဗေသတ္တာ ကမ္မဿကာ… မှန်ကြည့်လိုက်ပါ… စိတ်အားဖြည့် စကားစုလေးများ (၂)… ဆန်းစစ်ကြည့်ခြင်း... သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်… ရတာမလို လိုတာမရ ဤလောက… သိအောင်လုပ်ပါ… ဗြဟ္မစိုရ် တရားနှင့် လူမှုဆက်ဆံရေး… ၀ါတွင်းကာလနှင့် အိမ်ထောင်ပြုခြင်း… မချစ် မမုန်း အကောင်းဆုံး… မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း… စိတ်အားဖြည့် စကားစုလေးများ… (၁) အပေါင်းအသင်း… သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့… တရားအားထုတ်ကြည့်ကြစို့… အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ… ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပါ… သူ့ကိုသတ်မှ တကယ်ပြတ်မှာ… အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်း တရားများ.. ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ… သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်စပ်မှု… အမှားသံသရာ… နှလုံးသားမှာ ကမ္ဗည်းထိုးပါ… ဂုဏ၀န္တေ ပဿန္တိ ဇနာ… ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်… အနှစ်ရှိသော ကြီးရင့်ခြင်း… တံခါးများလုံပါစေ… အတွင်းရန်သူ… စကား… ကြိုတင်၍ မသိနိုင်ပါသဖြင့်… ဒီလို ဆက်ဆံကြည့်ပါ… အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့… တောင့်တ၍ မရပါ… ဆွဲစားခံနေရသူများ… လုပ်ချလိုက်ပြန်ပါပြီ… မြန်မာဆိုတာ… သေမှာမကြောက်ကြသူများ ... ကြောက်လန့်ဖွယ်ရာ ချက်ရောဂါ… စိတ်ဖြေကြတာလား… မေ့နေကြတာလား… ရောမ ရောက်တိုင်း ရောမလိုကျင့်သင့်ပါသလော… အရဟံ ဂုဏ်တော်အား ကြည်ညို ကြည့်ခြင်း… နီးပါလျက်နဲ့ မဝေးစေလို… စေတနာသုံးတန် ပြည့်စုံဖို့ ဆိုရာဝယ်… ကိုးကွယ်ခြင်းနှင့် ပူဇော်ပသခြင်း... လောကဓံဟူသည်... ကံသုံးပါးလုံသည်ဆိုရာဝယ်... သံသရာ မရှည်ပါစေနှင့်... ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့.. သေခြင်းတရားသည် အသက်အရွယ်မရွေးပါ… ကိုယ့်ကိုယ်ကို ရှာပါတဲ့… မွေးခြင်းနဲ့ သေခြင်းဒဿန... ငါပါးသီလနှင့် စပ်၍ မှတ်သားဖွယ်... သြကာသရှင်းတမ်း... မလှူကောင်းသော အလှူငါးမျိုး..

Live Questions and Answers...

 
3 Columns Blogger Template by Amanda at BloggerBuster